ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒေသထွက် ပေါ်ဦးပေါ်ဖျားပီလောပီနံဥကို ဘားအံမြို့ အနီးတစ်ဝိုက်ရှိကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ပီလောပီနံဥကို အပို ဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ပီလောပီနံသည် လူသားတို့နှင့်သဘာဝပတ်ဝန်းကျင်ကို ထိကိုက်မှုနည်းပြီး နိုင်ငံခြားဝင်ငွေရရှိနိုင်သောကြောင့် စိုက်ပျိုးသင့်သောသီးနှံတစ်ခုဖြစ်သည်။
ပီလောပီနံဥကို ပြုတ်၍စားစား၊ ပြန်ပေါင်းလုပ်၍စားစား အရသာရှိလှပါသည်။ ပီလောပီနံမှ အမျှင်ဓာတ်နဲ့ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်နေသလို အကျိုးပြုကိုလက်စထရောနဲ့ပရိုတင်းတို့လည်း ပါဝင်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတတိယပတ်တွင် ပီလောပီနံဥဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်နှုန်းတို့ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင် အဝယ်လိုက်ကာရောင်းချ လျက်ရှိကြောင်း သိရသည်။
DOCA(ကရင် )
source: https://www.doca.gov.mm